သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2023

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ “မင်းမြတ်စံ” အထက်တန်းဆင့်ပညာသင်ကျောင်း၌ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက် (၉ : ၀၀) နာရီအချိန်တွင် သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင်ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

24 Oct 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ဆီနှင့် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

24 Oct 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၈.၁၀.၂၀၂၃) ရက်နေ့၊ နံနက် (၁၀: ၀၀)နာရီအချိန် အနောက်ရပ်ကွက်ရှိ “စိုးစိုးဝင်း” ကိတ်နှင့် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြစေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

24 Oct 2023

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေး အတွက် ဈေးကွက်ရောက်ပြီးကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊

Pages