သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်းကာ (၁၃-၆-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၅) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန်အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
.png?itok=W8kwIpwA)
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ ၂၀၂၄ ခုနှစ် ဇွန်လ(၁၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ချင်းမြောင်ကျေးရွာအုပ်စုရှိ အခြေခံပညာနှင့် စက်မှု/ စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် (၁၄.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၁.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂.၆.၂၀၂၄)နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
