သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jun 2024

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့နှင့် (၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တို့မှ  MV-ရတနာထိန်လင်း ရေယာဉ်၊ MS-ပြည့်ဖြိုးအောင်(၉) ရေယာဉ်တို့ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

21 Jun 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၃-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

21 Jun 2024

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်သုံးဆေးဆိုင်များ၌ ခွင့်ပြုချက်မရှိသောဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

21 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အောင်သုခ (အ-လ-က) ကျောင်း၌  ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

21 Jun 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၁၃-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages