သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Jun 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ ဝန်ထမ်း(၃)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်စိုးစန္ဒာကျော် (ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ ဦးကျော်သူရထွေး (လက်ထောက်အုပ်ချုပ်ရေးမှူး)ပါဝင်လျက် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးတွင် ၁၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၁၀)နာရီအချိန်တွင် ဈေးတာဝန်ခံရုံး၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

19 Jun 2024

        စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆက်စပ်ဌာနများဖြစ်သည့် အစားအ‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၂.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှ

19 Jun 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ ဝန်ထမ်း(၃)ဦးတို့သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၂၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ စားသုံးဆီရောင်းချသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

19 Jun 2024

       ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးရန် ရွေးချယ်သတ်မှတ်ထားသော ဦးစားပေးကုန်စည်(၁၀)မျိုးအနက် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြု ရမည့် စားသုံးဆီအမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန်နှင့် အရည်အသွေး မပြည့်မီသည့် စာသုံးဆီများသည် စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို အထူးဦးစားပေး စျေးကွက်စောင့်ကြည့်စစ်ဆေးရကြောင်း သိရှိရပါသည်။

19 Jun 2024

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ဗိုလ်တထောင်ခရိုင်အတွင်းရှိ ၃၆၀ဒီဂရီ(စက်ဆန်း)  Star Hight (စက်ဆန်း)၊  New Day (စက်ဆန်း)၊  High Way  (မင်္ဂလာတောင်ညွန့်)၊ Max  (သိမ်ဖြူ)၊  Max (သာကေတ)၊  Max (ကမာကြည်) စသည့် စက်သုံးဆီဆိုင်အရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

Pages