သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Jun 2024

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မုန့်စျေးတန်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

19 Jun 2024

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ ဆန်နှင့် ဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

19 Jun 2024

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်မြို့မှ ဝန်ထမ်းများအား တိုင်းဒေကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရ

19 Jun 2024

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၂-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

19 Jun 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ဆီလုပ်ငန်းရှင်(၈၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

Pages