
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ (၁၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၃၀) အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခုမှ အိမ်ထောင်စုများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်(အသစ်)များထုတ်ပေးပြီး အပတ်စဉ်ဝယ်ယူစေခဲ့ရာ ထုတ်ပေးကာလ တစ်နှစ်ကျော်ကြာမြင့်ပြီးဖြစ်၍ စာအုပ်အသစ်များဖြင့် လဲလှယ်ပေးရန်လိုအပ်လျက်ရှိရာ အိမ်ထောင်စု စာရင်းမူရင်း၊ ဆီဝယ်ယူခွင့်စာအုပ်အဟောင်းများနှင့် အသစ်လဲလှယ်ပေးရန်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာများမှ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်(အသစ်)များအား သတ်မှတ်ချက်များနှင့် အညီစိစစ်၍ ဆီဝယ်ယူခွင့် စာအုပ်များထုတ်ပေးရမည်ဖြစ်ကြောင်း၊ ဆီဝယ်ယူခွင့် စာအုပ်ထုတ် ပေးရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကျေးရွာရှိ ပြည်သူများအား စားအုန်းဆီကို သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပြီး အလေးချိန် အချင်အတွယ် ပြည့်မီရန်လိုအပ်ကြောင်း ပခုက္ကူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)