
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်သည့် ကုမ္ပဏီ(၁၆)ခုရှိသည့်အနက် Myanmar Arr Thit Man Motor Co.,Ltd. (Changan Brand)၏ လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းသက်တမ်းတိုးဖွင့်လှစ်ခွင့်တင်ပြထားသည့် အမှတ်(၄၁/ ၄)၊ သမ္မတောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ ၄၁လမ်းနှင့် ၄၂ လမ်းကြား၊မန္တလေးတိုင်းဒေသကြီး နေရာသို့ ၆.၁၀.၂၀၂၆ ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင်မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်များသွားရောက်၍လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းအတွက်သတ်မှတ်ထား သည့်အနိမ့်ဆုံး သတ်မှတ်ချက် များနှင့်အညီဆောင် ရွက်ထားမှုရှိမရှိကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါမော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ကုန်သွယ် ရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ပြည်တွင်းအခွန်များဦးစီးဌာန၊အကောက်ခွန်ဦးစီး ဌာနနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့အနေဖြင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်သည့်ကုမ္ပဏီများအတွက်သတ်မှတ်ထားသည့်အနိမ့်ဆုံးသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ထားမှုရှိမရှိကွင်းဆင်းစစ်ဆေး ခြင်းနှင့်တင်ပြခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
