
အန်နီညိုသဘာဝမှကာကွယ်ရန် မိဘပြည်သူများ စားရေးရိက္ခာကြိုတင်စုဆောင်းထားရှိမှု အခြေအနေကို စစ်ကိုင်းခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ စီမံကိန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့ နံနက်(၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ရေပေးဝေရာတွင် လုံလောက်စွာပေးဝေနိုင်မှုအခြေအနေ၊ အပူရှောင်စခန်းထားရှိမှုအခြေအနေ၊ ကုတင်၃၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးသိုလှောင်ထားရှိမှုအခြေအနေကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင့် သိရှိရပါသည်။
ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များရှိ ဆန်၊ ဆီ၊ ပဲများ လုံလောက်စွာထားရှိခြင်း၊ သက်ကြီးရွယ်အိုနှင့်ကလေးများအား အစားသောက်နှင့် ဆေးဝါးများ လုံလောက်စွာထားရှိခြင်း၊ သောက်သုံးရေ လုံလောက်စွာ ဝယ်ယူထားရှိခြင်း၊ အပူရှောင်စခန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
