ရွှေဘိုမြို့တွင် လျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁.၁၀.၂၀၂၆)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စိန်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် ခင်မောင်ဝင်းလျှပ်စစ်ပစ္စည်းအရောင်းဆိုင် တို့အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရပါသည်။

     ပြည်တွင်း၌ ရေခဲသေတ္တာများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် ရေခဲသေတ္တာများသည် ထိုင်းနိုင်ငံအရောင်းဈေးထက် ပြည်တွင်းဈေးကွက်တွင် နှစ်ဆခန့်မြှင့်တက်ရောင်းချနေကြောင်း Mediaများတွင်ဖော်ပြနေသဖြင့် ရွှေဘိုမြို့ လျှပ်စစ်ပစ္စည်းဆိုင်များအလိုက် ဈေးကွက်အတွင်းရောင်းချသည့် ရေခဲသေတ္တာအမျိုးအစား၊ Brandအမည်၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းလက်ကျန် အရေအတွက်များစိစစ်ခဲ့ပြီး ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အိမ်သုံးပစ္စည်းများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)