သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Aug 2023

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု ThursdayTalk (၁၁/၂၀၂၃) အား (၂၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရင်း ဝမ်းစာပြည့်ဝဖို့ရန်အလို့ငှာ (Thursday Talk) အသိပညာပေးကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း သေချာလေ့လာမှတ်သားထားကြပြီး

30 Aug 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနအကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ လက်အောက်တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများရှိ အရာထမ်း၊ အမှုထမ်းများ၏ လစာစရိတ်များကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ထိ‌ရောက်စွာအသုံးပြုထုတ်ယူနိုင်စေရန်အတွက် ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ၏ လစာများကို Online Payment စနစ်ဖြင့်ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်သတင်းရရှိပါသည်။

30 Aug 2023

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ကြပါသည်။

30 Aug 2023

       ကချင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာနသည် ဝန်ထမ်းများ    အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျက်  Thursday Talk         အသိပညာပေး ဆွေးနွေးပွဲများ တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ကြာသပတေးနေ့၌  ဆွေးနွေးဟောပြောလျက်ရှိရာ ၂၀၂၃ ခုနှစ် ၊သြဂုတ်လ(၂၄)ရက်နေ့၌ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် စစ်ဆေးရေးမှူး၏ တာဝန်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များနှင့် စပ်လျဥ်း၍ ပြည်နယ်စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

30 Aug 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် ‌(၁၉-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ဒုတိယဦးစီးမှူးနှင့်အတူ ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာရှိ ဦးကျော်မိုးလွင် (ဆယ်စုသစ်) စက်သုံးဆီဆိုင်သို့သွားရောက်၍ စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ

Pages