ညောင်တုန်းမြို့နယ် ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်မှုအား ဆေးဖက်ဆိုင်ရာ ဌာနများနှင့် အတူကွင်းဆင်းစစ်ဆေး

Powered by Drupal

   ညောင်တုန်းမြိုနယ်အတွင်းရှိ‌ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးခန်းဖွင့်လှစ်ရန် ကျန်းမာရေးဦးစီးဌာနသို့ လျှောက်ထားလာမှုအား (၂.၉.၂၀၂၅) ရက်နေ့က ဆေးဘက်တိုင်ရာ ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာတို့က မိတ်ဘက်ဌာနများနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရးဦးစီးဌာနက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်း၊ ကြိုတင်ခွင့်ပြချက် ဆိုင်ရာအချက်များနှင့် မြေပြင် လုပ်ဆောင်ချက်များကိုက်ညီမှု ရှိမရှိကို စစ်ဆေးခြင်း၊ ကျန်းမာရေးလုပ်ငန်းလိုင်စင်များကို စစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုတိယဦးစီးမှူးက ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံ၊ ပုဂ္ဂလိက အထူးကုဆေးရုံများတွင် လုပ်ကိုင်သူများအနေဖြင့် တည်ဆဲဥပဒေ များကို လိုက်နာရန် အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ စားသုံးသူများကို စိတ်ကျေနပ်မှု ရှိစွာ ဝန်ဆောင်မှုပေးနိုင်ရန်ဦ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရန် ဝန်ဆောင်ခ၊ လုပ်ဆောင်ခများကို ကြိုတင် သတင်းအချက်အလက် ပေးဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးနိုင်ရန် အသိအညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိက ဆေးခန်း၏ လုပ်ငန်းခွင်ကို ကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)