သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦးအား ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဟိုတယ်တာဝန်ခံနှင့် ပုသိမ်မြို့ တိုင်းဆန်ကုန်သည်များအသင်း အတွင်းရေးမှူးတို့သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ငွေဆောင်၊ ချောင်းသာ ဟိုတယ်ဇုန် ကမ်းခြေလုပ်ငန်းကော်မတီ၏ ၁၄.၈.၂၀၂၃ ရက်နေ့ တင်ပြစာအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များ ငွေဆောင်၊ချောင်းသာ ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ပ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/29.2.jpg?itok=WfCI4lYd)
၂၀၂၃ခုနှစ်၊ ဩဂုတ်လ၂၄ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၆/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးမှ ဝန်ထမ်းစုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃၃၀.jpg?itok=q1hdomJf)
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၃-၈-၂၀၂၃) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအတွင်းရှိ မျိုးမြေပဲစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃၂၉.jpg?itok=p387idiF)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄-၈-၂၀၂၃)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃၂၈_0.png?itok=vzyKnIBe)
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မဲကုန်းကျေးရွာအုပ်စု၊ စာကြည့်တိုက်ခန်းမ၌ ကုန်စုံရောင်းချသူ(၁၈)ဦးအား (၁၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃၂၈.png?itok=FWMqcBlT)