သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့စက်မှုစီမံကိန်းရှိ Shuang Yi (Pathein) Garment Co,Ltd အထည်ချုပ်စက်ရုံအား အဖွဲ့ခေါင်းဆောင် တိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးနိုင် အဖွဲ့ဝင် ၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာ (၇)ဦးနှင့် အတူသွားရောက်စစ်ဆေး ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအစည်းအဝေးခန်းမတွင် တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲတာဝန်ခံများသည် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်နှင့် အထက်အောက်အပြန်အလှန်လေးစားမှုရှိစေရေးသာမက ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ချစ်ခင်ရင်းနှီးမှုရှိစေရေး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်စာကို အတူတကွ ဝန်ထမ်းမိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ပါသည်၊၊
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မိတ်ဆုံစားပွဲဲ.jpg?itok=Ojen13Vj)
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းအတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်တီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၇ရက်နေ့တွင် ကျင်းပပြုပလုပ်ရာ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပုသိမ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် နည်းပညာတက္ကသိုလ်၊ တွဲဖက်ပါမောက္ခနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဈေးကွက်၁_1.jpg?itok=WaQ-dVZT)
ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူး ဦးစိုးအောင် ၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးခွံ ဓာတ်ငွေ့သုံး Gasifier စက်ဖြင့် လည်ပတ်နေသော ဆန်စက်များ နှင့် ပတ်သက်၍ ဩဂုတ်လ ၂၁ ရက်နေတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်၊၊
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/gasi အစည်းအဝေး.jpg?itok=Wh70YCgX)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နေ့လယ်(၁၆:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ပြည်သူများအား လက်လီဈေးကားဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃၂၂.png?itok=zRiUfrG9)