သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်င ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍  စျေးကွက်အတွင် စံမမှီဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

29 Aug 2023

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ် တာဝန်ခံဦးအာကာမင်းသည် (၂၁-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီချိန်တွင် တွံတေးမြို့နယ်၊ ကျုံးကြီး ရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

29 Aug 2023

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အမ်းမြို့၊ ရေဘုတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ကျောင်း၌ (၂၃-၈-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

29 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂၁.၈.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီက ဝါးခယ်မမြို့နယ် ကောင်းထက်စက်သုံးဆီအရောင်းဆိုင်အား  သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

29 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ (၁၈.၈.၂၀၂၃) ရက်နေ့က ဆကာကြီး ၂-ရပ်ကွက်ရှိ ဆကာကြီးသူ မုန့်ဟင်းခါးအနှစ်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြပါသည်။

Pages