လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့်ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှအမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ။

DOCAဧရာဝတီ)