သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများ ပြည်သူများသိရှိစေရန် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရှိရာသို့ ကွင်းဆင်း၍ အသိ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

17 Aug 2023

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဓမ္မရုံရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မကွေးမြို့နယ်ဆန်၊ စပါးကုန်သည်များ၏ပံ့ပိုးမှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြကြောင်း သိရှိရပါသည်။

17 Aug 2023

   (၁၁-၈-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြု့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်ရှိ ဘိုတဲအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

17 Aug 2023

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၉-၈-၂၀၂၃) ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

17 Aug 2023

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် အသင့်​သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းခဲ့ကြပါသည်။

Pages