သတင်းနှင့် လှုပ်ရှားမှုများ
“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.12_0.jpg?itok=PMPFAXQ0)
ကန့်ဘလူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက် နံနက် ၁၁:၀၀ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.11_0.jpg?itok=5PuvAvWj)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၁း၃၀ အချိန်က စစ်ကိုင်းခရိုင်/ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးရှိ ဝန်ထမ်း(၃၂)ဦးအား ခရိုင်လျှပ်စစ်ရုံးအစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.10_0.jpg?itok=zYXK_-2n)
ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်အရ ခရိုင်တွင်း ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေများအား မြေပြင်အခြေအနေသိရှိနိုင်ရန်အတွက် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်း မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.9_0.jpg?itok=Uef5k2uX)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “banner” Mini Mart ၊ “ကိုသူရ” ကုန်မျိုးစုံဖြန့်ချီရေးဆိုင် (၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.8_1.jpg?itok=0R-oIg5S)