သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါဖြိုးဖြိုး (အကြီးတန်းစာရေး) သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်ညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရောင်းချလျက်ရှိသောကုန်စည်များ ထုတ်ကု
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၃_0.jpg?itok=AoSEMxSu)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနိုင်ရေးအတွက် ( ၃.၈.၂၀၂၃ ) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မကွေးကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် မကွေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများ အပါအဝင် ဆန်စပါးကုန်သည် (၄၀) ဦးတို့အား တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.33.jpg?itok=Zo2ou2fR)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ (၇-၈-၂၀၂၃)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းအားသိရှိစေရန် အသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.31.jpg?itok=vb25qpaP)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၇-၈-၂၀၂၃)ရက်နေ့ နံနက်(၀၇:၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.30.jpg?itok=SgPd-WFd)
ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ (အ-ထ-က) (၃)၊ အထက်တန်းကျောင်း၌ (၃-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသား/သူ (၁၈၅) ဦးတို့အား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၇၉_0.jpg?itok=oswHalE9)