သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၀.၈.၂၀၂၃ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စု(၄)လမ်းရပ်ကွက် အတွင်းရှိ ဒေါ်ငုဝါ(ကုန်စုံဆိုင်)သို့ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍စားသုံးသူ ကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။
(၁၀-၈-၂၀၂၃)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပြည်တွင်းမှ ထွက်ရှိသော သစ်သီးဝလံများနှင့် စားဖိုဆောင်သီးနှံများ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခ
(၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနသည် ပန်းတနော်မြို့နယ်၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ သင်တန်းသူ (၅၇)ဦးအား စားသုံးသူအခွင့်အရေးသိရှိနားလည်ကြစေရန် အသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းဆောင်းပါးရေးသားနည်းနှင့် မှတ်တမ်း ဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူး မှတ်တမ်းတင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ၈.၈.၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) နာရီမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြများ၊ အရာထမ်းများ၊ အမှုထမ်းများ(၂၃)ဦးနှင့်တိုင်းဒေသကြီး