သာယာဝတီမြို့တွင်ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၁၉.၈.၂၀၂၅) ရက်နေ့တွင် လမ်းသစ်တန်းလမ်း၊ စံရွေးတန်းရပ်ကွက်၊ သုံးဆယ်မြို့ရှိ “စိန်လျှံဖြိုး”ဆန်ဆိုင်သို့ သွားရောက် စစ်ဆေးခဲ့ရာ မနောသုခဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)