သတင်းနှင့် လှုပ်ရှားမှုများ
ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၀.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.13.jpg?itok=m0kgfQNV)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ ကျုံးတနီး (အ-ထ-က) အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၇.png?itok=u_sZmlr2)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၉-၈-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ရှိ Good Brother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၄.png?itok=xqrf-HRf)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင်ကျပ် ၈၇၀၀ ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ရှိ၍ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.12.jpg?itok=oFwaQ0rc)
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုင်းလုံးရပ်ကွက်၊ Royal Village စားသောက်ဆိုင်၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(၉)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/လုပ်ငန်းရှင် (1).jpg?itok=Bx9MQPwI)