သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး၊ ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ဝယ်ယူရရှိစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ (၄.၈.၂၀၂၃)ရက်နေ့နှင့် (၉.၈.၂၀၂၃)ရက်နေ့များတွင် ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ် တာဝန်ခံ၊ ခရိုင်ဦးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း၊ ဝန်ထမ်း(၁)ဦးနှင့် မိတ်ဖက်ဌာနဖြစ်သည့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၉.၈.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့်အညီ ကိုက်ညီခြင်းရှိ /မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းဆောင်းပါး ရေးသားနည်းနှင့် မှတ်တမ်းဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူး မှတ်တမ်းတင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ၈.၈.၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) နာရီမှ စတင်၍ ကျင်းပပြု လုပ်ခဲ့ရာ နည်းပြများ၊ အရာထမ်းများ၊ အမှုထမ်းများ(၂၃)ဦးနှင့်တိုင်းဒေသက
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲအား (၃.၈.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
8.8.2023 ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ သတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/2019) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။