သာယာဝတီခရိုင်၊လက်ပံတန်းမြို့တွင်ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် လမ်းမတော်လမ်းရှိ ဦးမျိုးသန်းလှိုင် ဆန်စက်လုပ်ငန်းရှင်နှင့် (၂၀.၈.၂၀၂၅) ရက်နေ့ ၊နေ့လည် (၁၃:၃၀) နာရီ အချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊    ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအထူးအလေးထားဆောင်ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး    လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)