သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကာ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတရရှိစေရေးအတွက် မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ စာကြည့်တိုက်တာဝန်ခံများတက်ရောက်ခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၉_0.jpg?itok=kbEVyVyn)
မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူ (၄)ဦး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.38.jpg?itok=q8SLdl5Q)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လွယ်မုဒ်တောင်၊ ရွှေမောင်းသီလရှင်စာသင်တိုက်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၈_0.jpg?itok=o9tTPZyi)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.37.jpg?itok=E7p6GFxx)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၌ (၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရေး Campaing နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အချိုရည်များနှင့် သုံးစွဲရန်သင