
တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံမှုဖြင့် ကျောင်း၊ ဆေးရုံနှင့် ဘုရားစေတီများတွင် သန့်ရှင်းရေးပြုလုပ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ သြဂုတ် လ(၂၆)ရက်နေ့၊ နံနက်(၆း၃၀)အချိန်တွင် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သန့်ရှင်းရေးပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်း ကူညီကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အမှိုက်ကားဖြင့်လာရောက်ကာ ရှင်းခင်းခြင်းပြုလုပ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)