သတင်းနှင့် လှုပ်ရှားမှုများ
8.8.2023 ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ သတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/2019) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/000_4.jpg?itok=y10di3PW)
မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများအား ဖျားနာမှုအတွက် အဓိကဝယ်ယူလျက် ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ဇူလိုင်လ (စတုတ္ထအပတ်)နှင့် ဩဂုတ်လ (ပထမအပတ်)တွင်နှိုင်းယှဉ်ချက်အရ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.10_2.jpg?itok=LJrD8xX5)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အခြေခံပညာမူလ တန်း (လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/2323.jpg?itok=yEupsTuE)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇.၈.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ(၁၂၅)ဦးနှင့် ဆရာ၊ ဆရာမ (၁၀) ဦး စုစုပေါင်း (၁၃၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.9_0.jpg?itok=lmuUbq34)
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုခါအလွန်ပြန်လည်ထူထောင်ရေး နှင့် ဒေသ ဖွံ့ဖြိုးရေး အတွက်ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်မှချမှတ်ထားသည့် စစ်ကြောင်း(၅) ကြောင်းသဏ္ဍာန်ပုံဖော်၍ ဟောပြောပွဲ တွင် လူမှုရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေသကိုယ်စားလှယ်ဦးမောင်အေးလှိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် (၇-၈-၂၀၂၃) ရက်နေ့ပေါင်းတုတ်ကျေးရွာတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက်ကွင်းဆင်းဆောင်ရွက်ခြင်း အခ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/00122.jpg?itok=cYUGgjEe)