
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာ များနှင့်ပူးပေါင်း၍(၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်ဈေးအတွင်း ရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်ဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်း ချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲ သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချ မှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည် များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)