သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၄.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး၊ ဆရာ၊ ဆရာမ(၅)ဦးနှင့် စုစုပေါင်း (၇၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် စားသုံး/ ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် မကွေးမြို့ အောင်မေတ္တာရပ်ရှိ ကောင်းစိန်အမှတ်တံဆိပ် မုန့်ဖတ်ခြောက်နှင့် ကောင်းဆန်းအမှတ်တံဆိပ် အဆင့်မြင့်ခေါက်ဆွဲခြောက်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းသည် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်မှာ မကွေးမြို့ပေါ်ရှိ ဈေးများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ အဓိက ကုန်ကြမ်းမှာ ဆန်နှင့် ဆန်ထွက်

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာရှိ လယ်ယာထွက်ကုန်သီးနှံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် (ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
