သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဓမ္မရုံရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မကွေးမြို့နယ်ဆန်၊ စပါးကုန်သည်များ၏ပံ့ပိုးမှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြကြောင်း သိရှိရပါသည်။

(၁၁-၈-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြု့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်ရှိ ဘိုတဲအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၉-၈-၂၀၂၃) ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းခဲ့ကြပါသည်။

မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ ကုက္ကိုလ်တန်းအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့သည်။
