သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Dec 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံ စစ်ဆေးရေးအရာရှိတို့သည် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ရွှေအားမာန်” မုန့်လုပ်ငန်းအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စက်ရုံ၏ ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ မေးမြန်းဆွေးနွေး ခဲ့ပြီးနောက် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀

27 Dec 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ်တာဝန်ခံသည်(၁၅.၁၂.၂၀၂၂) ရက်‌နေ့၊ နေ့လယ် (၁၂:၀၀)နာရီမှ(၁၃:၀၀)နာရီထိ ဘုရားလေးကွင်းကျေးရွာရှိ ဆန်းလှဝေဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်ဦးလှမျိုးဆန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

27 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၄.၁၂.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် (၂၀၂၂-၂၀၂၃)ခုနှစ် မိုးစပါးရိတ်သိမ်းမှုအားလေ့လာရန် ဆုံလုံချောင်းကျေးရွာမှ ဦးကြည်ဝင်း၏ဇနီးအားတွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား မေးမြန်းခဲ့ပါသည်။

27 Dec 2022

         စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့သည် (၁၄.၁၂.၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ ဒေးဒရဲမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

27 Dec 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့၊  သောကြာဒူးအုပ်စု၊ ရေမှိန်စမ်းကျေးရွာ ဓမ္မာရုံ၌ (၁၂.၁၂.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူ (၄၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

Pages