သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ပခန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ခြံစိုက်တောင်သူလုပ်ငန်းရှင် (၆၀) ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၄.png?itok=WLma5ARF)
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စုရှိ ဘုရားကြီးတန်ဆောင်းဝန်းတွင် ပြည်သူ (၁၅၀) ဦးအား (၂-၈- ၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၃.png?itok=N-55a2Lm)
မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးအတွက် ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့်အချိုရည်များကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၁_1.jpg?itok=VZCJneoe)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့်စာသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စာအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၄၁_3.jpg?itok=zpDPcZeB)
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး နှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်းဌာနတာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၈-၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇာသပြင်အနောက်ကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးခြံသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/6633.jpg?itok=eBtFQ7PJ)