သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့် ဈေးဆိုင်၊ ကုန်စုံဆိုင်(၁၄)ဆိုင်အား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းလိုက်ပါပြီး ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို (၂၅.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/14.5_0.jpg?itok=Rnp62bmK)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ခမောက်စုကျေးရွာရှိ (အ-ထ-က) ကျောင်းအားကစားခန်းမ၌ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၈_1.jpg?itok=Rczteh0E)
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ အခြေခံပညာမူလတန်း (ယွန်း) ကျောင်းခွဲရှိ ဆရာ/ ဆရာမ ၂၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၈၀ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၇.png?itok=5GJZTosj)
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၆_1.jpg?itok=PrF9RZsq)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြင်းတဲကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ (၈) ဦး ကျောင်းသား/ သူများ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၅.png?itok=94U_xa7L)