သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦး၊ စီမံရေးရာဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးမိုးခိုင်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၃ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် Virtural စနစ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်၊၊
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/613 Meeting (1).jpg?itok=lZOcfevU)
စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၆-၇-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စဉ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/14.8.jpg?itok=4mK1Qiqb)
၂၀၂၃ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၄၀_1.jpg?itok=MwhRZsoM)
သတင်းရေးသားပါဝင်မှုပိုမိုမြင့်မားလာစေရန်နှင့် သတင်းရေးသားသည့်အခါ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာပြီး ရေးသားနိုင်ရန် ရည်ရွယ်၍ အခြေခံသတင်းရေးသားနည်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၀.၇.၂၀၂၃ ) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ချမ်းအေသာဇံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/14.7.jpg?itok=qioZVnZG)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၃၉_1.jpg?itok=AjZZiPf3)