သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Dec 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၄.၁၂.၂၀၂၂) ရက်နေ့ နေ့လယ် (၀၉း၃၀)နာရီတွင် လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများအား  စားသုံးသူ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

27 Dec 2022

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်၊ စိုးမိသားစု၊ 912 ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါးတင်း(၁၀၀)လျှင် စက်အရောက်ဈေး (၁၂၃၀၀၀၀/-)ကျပ်၊ ကရင်မစပါး(၁၀၀)လျှင် (၁၂၂၀၀၀၀/-) ကျပ်၊ နှံကားစပါးတင်း(၁၀၀)လျှင် (၁၁၁၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း စက်ပိုင်များ၏ပြောပြချက်အရ သိရှိရပါသည်။

27 Dec 2022

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၁၃.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြောင်းမြမြို့နယ်၊ နေရှင်နယ်အထက(ခွဲ)အလက(၁)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

27 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀း၃၀) နာရီက မော်ကျွန်းမြို့နယ် ပစ္စိမာရုံ(ဘက)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။

27 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၁၃.၁၂.၂၀၂၂)ရက်နေ့ ညနေ(၁၅း၃၀)နာရီက မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

Pages