သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Oct 2022

         မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ (၀၉:၃၀)ချိန်တွင် ချောင်းဆုံမြို့နယ် အမက(ကညှော်) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

03 Oct 2022

          စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ (ကိုယ်စား)သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

03 Oct 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ စက်တင်ဘာလ(၂၁)ရက်နေ့၊ နေ့လည်(၁၁:၃၀)အချိန်တွင်   ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများ

03 Oct 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ “လုပ်ငန်းသစ်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းခိုင်မာစွာ ပြဌာန်းနိုင်ခြင်း မရှိသည့် ကုမ္ပဏီများအတွက် မြေပြင်စစ်ဆေးရေး အဖွဲ့များဖြင့် စိစစ်ပြီးမှသာ ခွင့်ပြုသွားရန်” လမ်းညွှန်ခဲ့မှုအရ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

03 Oct 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဦးစီးအရာရှိ ဦးမိုးညွန့်ဦးနှင့် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့သည် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

Pages