သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို (၆.၂.၂၀၂၅) နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ အသင့်စားမုန့် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

မအူပင်ခရိုင် ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းအခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းကာ စားသောက်ကုန် လုပ်ငန်းထုတ်လုပ်သော ကောင်းစစ်မွန် မြေပဲဆီလုပ်ငန်း၊ နောင်ရိုး လက်ဖက်ရည်နှင့် စားသောက်ဆိုင်လုပ်ငန်း၊ ဒေါ်မြရီပေါင်မုန့်လုပ်ငန်းများသို့ (၅-၂-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန် တွင်သွား ရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ (၂၃.၁၂.၂၀၂၄)ရက်မှ (၅.၁.၂၀၂၅) ရက်အတွင် EcomReg Systemတွင် မှတ်ပုံတင်ထားသော လုပ်ငန်းရှင် (၂)ဦးရှိသဖြင့် ဓနုဖြူမြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိ က အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

(၆.၂.၂၀၂၅) ရက်နေ့ နံနက် (၁၃:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်ထိ အမှတ်(၂) အခြေခံပညာ မူလတန်း ကျောင်း၊အ.မ.က(တောင်ပိုင်း)၊ ညောင်တုန်းမြို့နယ် ရှမ်းစုကျောင်းတွင် ကျောင်းသား/ကျောင်းသူ-၈၀ ဦးနှင့် ဆရာ/ဆရာမ- (၅)ဦး တို့အား စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ အသိပညာပေးဟောပြောခဲ့ကြသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရေနံ ထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေး အဖွဲ့များသည် ၇.၂.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်(၁၀)ဆိုင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
