သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်သည် (၇.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင် ဦးစီးမှူးရုံးဝန်ထမ်းများ၊ မြို့နယ်တာ ဝန်ခံများ၊ မြို့နယ်ရုံးဝန်ထမ်းများအား Online စနစ်ဖြင့်ဆောင်ရွက်သော Thursday Talk အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍ (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသင့်စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍အားသာချက်/အားနည်းချက်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချ သော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
