တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        (၈.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်တာဝန်ခံ ဦးရှင်းခန့်ကိုကိုတို့ ပါဝင်သော အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အိုးတန်းရပ်ကွက်ရှိ (Apex ရတနာ)၊ အင်းယက်ကြီးကျေးရွာရှိ (Silver Summit)နှင့် ဂျိုးဖြူကျေးရွာရှိ (မြတ်မင်္ဂလာ) စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများဝယ်ယူ စု ဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချစေရေးတို့ကို အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)