သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jun 2022

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေဦး၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

21 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံဦးအောင်ညီညီခန့်နှင့် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် ၂၀၂၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရပါသည်။

21 Jun 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဦးစီးမှူးက (၂၆-၆-၂၀၂၂) ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် စားအုန်းဆီတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီး/ပြည်နယ် များသို့ စားအုန်းဆီများခွဲဝေဖြန့်ဖြူးပေးခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆီဈေးနှုန်းများမတက်စေရန်၊ ဆီပြတ်လပ်မှုများမရှိစေရန်၊ ဆီပြတ်လပ်ခြင်းများဖြစ်လျှင် အဓိကအားဖြင့် ‌ဈေးနှုန်းများတက်မည်ဖြစ်သောကြောင့် ဆီပြတ်လပ်မှုမရှိစေရေး အစ

21 Jun 2022

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံနှင့် ကျိုက်မရောမြို့နယ်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံတို့  ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် အမက(မူလွန်)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

21 Jun 2022

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၆.၆.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages