သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဇွန်လ(၁၂)ရက်နေ့တွင် ဖျာပုံမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

22 Jun 2022

        စားသုံးသူရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများ သိရှိနိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို (၁၆.၆.၂၀၂၂)ရက်နေ့တွင် တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Jun 2022

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက တောင်ငူ မြို့၊ အမှတ် ၂၁ ရပ်ကွက်၊ နတ်သျှင်နောင်လမ်းရှိ Golden Bean အမှတ်တံဆိပ် စားသုံးဆီများဖြန့်ဖြူးသည့် STMN Co.Ltd သို့ သွားရောက်ပြီး မန်နေဂျာ ဦးသောင်းထွန်းနှင့်တွေ့ဆုံ၍ ဈေးကွက်စောင့်ကြည့်လေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

22 Jun 2022

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျွဲပွဲနှင့် ညောင်ခြေထောက်ဒေသများရှိ Lucky, လှရတနာ(ညောင်ခြေထောက်)၊ Diamond, ဖြိုးဝေကျော်နှင့် လှရတနာ(မြေစီး)များသို့ သွားရောက်၍ ဈေးနှုန်းနှင့်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

22 Jun 2022

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် သာဂရမြို့ ဈေးတာဝန်ခံနှင့်အတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းက သာဂရမြို့ စည်ပင်သာယာဈေးအတွင်း စားသုံးဆီများရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စု

Pages