သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းအုပ်စု၊ တုံးတောကျေးရွာ၊ ဓမ္မာရုံ၌ (၁၆.၆.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူပြည်သူ (၄၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါ သည်။

23 Jun 2022

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား (၁၆.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်များနှင့် ဓါတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ခံအရာရှိနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မိတ်ဖက်ဆက်စပ်ဌာနများဖြစ်သည့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မုံရွာမြို့ နယ်  စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၆.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မုံရွာမြို့ ချင်းတွင်းရတနာဈေးနှင့်မြသလ္လာဈေးတို့တွင် ဘေးအန္တရာယ်ရှိသောကုန်စည်များ၊ စားသုံးရန်မသင့်က

23 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ဓါတ်မြေဩဇာဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များအား (၁၇.၆.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်မှ ဝန်ထမ်းများသည် Pacific  Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍  (၁၇-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် မြောက်ဦးခရိုင် ၊မြောက်ဦးမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ ‌အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်း လဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages