သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေတောင်သာရ ကျေးရွာအုပ်စု၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံမြို့နယ်တာဝန်ခံသည် အမှတ်(၁)စံပြဈေးတွင်ဈေးကွက်နမူနာကောက်ယူခြင်းနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိကို ၂၁-၂-၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်( ၂၀ )ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင်ဦးစီးမှူးသည် (၁၄.၂.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြို့ပင်(မြောက်)ကျေးရွာအုပ်စု၊ အ.မ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၂၁-၂-၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့အတွင်း ပဲငပိကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။