သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၁-၆-၂၀၂၂  ရက် (အင်္ဂါနေ့) ၊ နံနက် ၁၀:၀၀နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး) ဦးဆောင်ပြီး ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အမ်းမြို့ ရေဘုတ်အထက(ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောခဲ့ပါသည်။

23 Jun 2022

         နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ  ၂၀ ရက် နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေး ခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

23 Jun 2022

            တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချနေသောဆိုင်(၃)ဆိုင်သို့ သွားရောက်၍ Online ပေါ်တွင် ရောင်းချနေသော ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages