သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jun 2022

          ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင် မြေပုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့တွင် မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်ထွေအုပ်၊ ကျန်းမာရေးနှင့်မြို့နယ်စည်ပင်ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

24 Jun 2022

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) တိုင်းရင်းဆေးသည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဖြစ်ခြင်းနှင့် ဘေးဥပဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသ

24 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တာဝန်ခံသည် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲများအား (၁၆.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀ : ၀၀) နာရီတွင် ချောင်းစောက်အုပ်စု   ပေါက်တောလေးကျေးရွာမှ   တောင်သူ ၉၀ ဦးအားလည်းကောင်း ၊ နေ့လည် (၁ : ၀၀) နာရီအချိန်တွင် ချောင်းကမ်းအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာရှိ တောင်သူ ၅၀ ဦးအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်အဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး

24 Jun 2022

           ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့တွင် သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် စည်ပင်အပြင်ဘက် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များဖြစ်သော လပ်တီးဇုန်၊ ယွန်းယွန်း၊ ဖြိုးမောက်ပြည့်စုံဆီအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

24 Jun 2022

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဇွန်လ (၁၆၊၁၇) ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီချင်တွယ်ပြည့်ဝမှုရှိမရှိ၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိမရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Pages