သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တောမကျေးရွာ၊ ကားလမ်းဘေးရှိ သီရိမုန့်တီလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၌ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိစေရေး၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များရောင်းချခြင်းမရှိစေရေးတို့အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

(၂/၂၀၂၃) ကြိမ်မြောက်၊ ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ၂၀၂၃ခုနှစ် ဇွန်လ (၂၇) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များ၊ ဆေးဆိုင်နှင့်ဆေးခန်း တွဲလျက်ဖွင့်လှစ်ထားသည့်ဆိုင်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ လုပ်ငန်း(၂၈)ဦးနှင့် တွေ့ဆုံ၍ တင်သွင်းရောင်းချနေသော ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ် သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊
