မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ

Powered by Drupal

           ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ခဲ့ပါသည်။

        ထိုအခမ်းအနားတွင် ဘုန်းတော်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချတရားနာ၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)