ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသော ဘူးဆီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးမှ စစ်ဆေးရေး အရာရှိ၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ဘူးဆီများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          မြို့နယ်တာဝန်ခံက ဈေးကွက်အတွင်းရောင်းချနေသော အမှတ်တံဆိပ်များဖြစ်သော Lotus ၊ Meizan ၊ အမေထွား၊ တော်ဝင် အစရှိသောဘူးဆီများတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ၊ ပုဒ်မ (၄၁) နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကို ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)