ကျိုက်လတ်မြို့နယ်တွင် စပါးခွံ လောင်စာတောင့် လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပူးပေါင်း၍၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ ခနောင်ကျေးရွာရှိ “ထင်တိုင်းအောင်” ဆန်စက်ရှိ စပါးခွံလောင်စာတောင့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသော စပါးခွံများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ထင်း၊မီးသွေး အစား သုံးစွဲသူများ ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် ထင်းအစားထိုး စပါးခွံလောင်စာ တောင့်ထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေအား စိစစ်ခဲ့ကြပါသည်။ လောင်စာတောင့် ထုတ်လုပ်ရန်အတွက် တစ်ရက်လျှင် စပါးခွံကုန်ကြမ်း (၂၀) တန်ခန့် အသုံးပြုရပြီး လောင်စာတောင့် (၁၀၀၀) ပိဿာခန့် ထုတ်လုပ်လျက်ရှိသည်။ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစက်ကိရိယာ များ ဖြင့် ထုတ်လုပ်နေမှုအခြေအန၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လောင်စာတောင့် (၁) ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသများနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)