သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်သည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဇွန်လ(၁၈)ရက် နံနက် (၁၀) နာရီအချိန်တွင် သာပေါင်းမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ထူးသစ် မုန့်တိုက်သို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာ ပေးခဲ့ပါသည်။

27 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌  (၂၀.၆.၂၀၂၂) ရက်နေ့ နေ့လည် (၁၁)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

27 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံဦးတင်ကိုသည် မြို့နယ်စည်ပင်နှင့်အတူ ဆေးရုံလမ်းရှိ ရွှေရည်ဝင်း မုန့်ဆိုင်တွင် ရောင်းချနေသော မုန့်မျိုးစုံများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇွန်လ(၁၈)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်

27 Jun 2022

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂၂.၆.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ပတ္တမြားရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

27 Jun 2022

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအတွင်း လေးကျေးရွာသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေး ဟောပြောပွဲဆွေးနွေးခြင်းနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကျေးရွာ အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages