သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ Win Mini Mart နှင့် K & K စတိုး ဆိုင်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆေ
ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၆/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော် (လ/ထညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ၊ CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၄၇၉)၊ ပတ္တမြားလမ်း၊ ၁၅ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Moon Star (လက်အိတ်) ချုပ်လုပ်ငန်းသို့သွားရောက်၍ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မင်္ဂလာဈေးအတွင်းရှိ ဈေးတာဝန်ခံများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးများလက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
